ကြယ်တွေစုံတဲ့ည ... ဟိုး ... အရင်ကဆောင်းညရယ်
နှင်းစက်တွေကြား အာကာပြင်ထက်က
အချစ်တွေနဲ့ ယိုဖိတ်လာတဲ့ အနမ်းပန်းခင်းတွေထမှာ
"မင်းကိုငါအရမ်းချစ်တယ်" ဆွံ့အတဲ့နှုတ်ခမ်းတွေကမဆို
တို့နှလုံးသားထဲက ဆိုကြတယ် ...
လမင်းလေးကတောင် မနာလိုလို့ ကြယ်တွေနဲ့စုံညီတဲ့ ညကလေး
ညတာက တိုလိုက်တာနော် ...
ခုတော့ ...
ကြယ်တွေလဲပျောက် လမင်းကဟားတိုက်သယောင်နဲ့
ကိုယ်မင်းရဲ့ နှုတ်ခမ်းတစ်စုံကို တမ်းတပြီ
တုန်လှုပ်နေတဲ့သစ်ရွက်တွေကြား အဖော်မဲ့တဲ့ကောင်းကင်အောက်မှာ
ပြာရီမှုံဝေနေတဲ့ မျက်ဝန်းတစ်စုံရဲ့
စမ်းချောင်းရေစီးထဲကမျောပါတဲ့ အထီးကျန်လွမ်းဆွတ်နေတဲ့
ကိုယ့်နှလုံးသားက
မင်းလေးကို ရှာပုံတော်ဖွင့်နေခဲ့တယ် ...
မင်းလေးဘယ်ဆီမှာလဲ ... ကြယ်တွေလဲစုံညီနေပြီ ...
ပြန်လာပါတော့ အချစ်ရယ် ။ ။
ချန်နိုင်း