Friday, February 22, 2008

ခွင့်လွှတ်ပါ

သိုက်မြုံကိုခွာ လေအဟုန်ကိုဆန်
ပျံသန်းခဲ့တာ အတောင်စုံလို့ စုံကန်ခြင်း မဟုတ်သော
ငှက်ပျိုလေးတစ်ကောင်၏ ပျံသန်းခြင်းမှာ
ဘ၀မုန်တိုင်းဒဏ် ခံနိုင်ရည်ရှိတဲ့
မြုံသိုက်မွမ်းမံရန် အခက်အလက်ရှာဖို့
အဝေးဆီကို ပျံသန်းရင်း... ပျံသန်းနေဆဲပါ

ပျံသန်းလေသော ငှက်တစ်ကောင်
မုန်တိုင်းဒဏ်ကို အံတုရင်းမှ
အတောင်ရယ်ညောင်းလို့ နားခိုရာ
သစ်ခိုင်းဖျားမှာ နွားကျောင်းသားလေးရဲ့
လေးခွစာမိကာ ပြင်းပြဝေဒနာနဲ့
နှလုံးကြေမွနာကျင်စွာ မပျံသန်းနိုင်ခဲ့လျှင်
ခွင့်လွှတ်ပါ အဖေ...။ ။