Thursday, December 25, 2008

လက်ဆောင်

ငြိမ်းချမ်းခြင်း
အေးမြခြင်းနဲ့
အလှပဆုံးခြုံလွှာကိုချလို့
ဆောင်းနတ်သမီးရဲ့ခြေလှမ်းတိုင်း
ပန်းတွေကိုပွင့်စေခဲ့တယ်......

ကျက်သရေရှိသောအပြုံးတွေနဲ့
ခရစ်စမတ်
ဘိုးဘိုးရေ.......
ကျွန်တော်တမ်းတနေတဲ့အရာ
လိုတရအိတ်ကြီးထဲမှာ
ပါရင်ပေးခဲ့ပါ..
ဘယ်ဘက်ရင်အုံအောက်က
နှလုံးသားတခုအတွက်
ခရစ်စမတ် လက်ဆောင်ဆိုရင်ပေါ့......

  • ကိုစိုးလွင်ဦး X'mas လက်ဆောင်ပို့ပေးလိုက်တဲ့ ကဗျာလေး တစ်ပုဒ်ပါ... RANGOON-BURMA မှာ sanyu kyaw တင်ထားတဲ့ Post တစ်ခုပါ... ဒီကဗျာလေး အတွက်ကျေးဇူးပါပဲ ကိုစိုးလွင်ဦးရေ.....

Tuesday, December 23, 2008

မနှစ်က X'mas

X'mas တော့ရောက်လာပြန်ပြီ... နှစ်သစ်လည်းကူးတော့မယ်... အသက်ကတော့ တစ်နှစ်ပိုကြီးသွားပြီ... မနှစ်ကတော့ သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းပေမယ့် ဒီနှစ်တော့ တစ်ယောက်ထဲပဲဗျ... ကလေးဘ၀တုန်းက X'mas ရောက်ဘို့ကို အရမ်းမျှော်တာ... ကျောင်းလည်းပိတ်၊ သူငယ်ချင်းတွေနဲ့ ပျော်ပါး၊ စိတ်ကူးတွေယဉ်လို့... ခုတော့ ဘာမှလည်းမထူးခြားတဲ့ သာမန်ရက်လိုပဲ... ကိုယ်တစ်ယောက်တည်း ဘာကိုဘယ်လိုပျော်ရမှန်းမသိဘူး... မနှစ်ကမှ ဟုတ်တုတ်တုတ်ဗျ Shopping ထွက်၊ တရုတ်တန်းသွားလည်၊ အပျင်တော့ပြေသား... မနှစ်က Pavillion ကိုသွားတော့ X'mas Decoration လုပ်ထားတာ အရမ်းသဘောကျလို့ တစ်ပုံ shoot လိုက်တယ်...


အပြန်တော့ တရုတ်တန်းမှာ သူငယ်ချင်းတွေနဲ့ စားကြသောက်ကြ... သတိရလိုက်တာနော်.. နောက်နေ့ဘုရားကျောင်းသွားတယ်... ခုတော့ coffee တစ်ခွက်သောက်ပြီး PC တွေ ကျောင်းလိုက်အုံးမယ်... မနက်ဖျန်တော့ ဘုရားကျောင်းသွားမယ် ခင်ဗျ... လိုက်ခဲ့နော်... :)

Saturday, December 20, 2008

Zephyr

Zephyr touching my face
Glitch my body
I feel wilt without gaiety
Why she curbed my heart
Why she zap my heart
I will insist with my zeal without hesitation
That is my legacy

As blameless as the snow
Zephyr blow through my face
I close my eyes and feel wilt
Why she curbed and zapped my heart
I will insist with my zeal without hesitation
As brief as a dream.

Chan9

Friday, December 19, 2008

Kiss me quick


ကျွန်တော့ အိမ်ရှေ့ပန်းခြံက kiss me quick ပန်းပုံလေးပါ.... အပျင်းပြေရိုက်ကြည့်တာပါ....

Thursday, December 11, 2008

ကွန်နက်ရှင် ရင်ခုန်သံ

မြန်မာပြည်က connection တွေကအရမ်းကောင်း နေတော့ ကွန်ပြူတာသုံးနေရင်း တစ်ယောက်ထဲ ဟေး... ဖြစ်လိုက် ဟား... ဖြစ်လိုက်နဲ့ ဘေးကသူငယ်ချင်းက ဟေ့ကောင်ဘာတွေ ဟေးဟေး ဟားဟား ဖြစ်နေတာလဲလို့ လာမေးတော့ Definition ဖွင့်ပေးလိုက်တယ်...

ကဲ ဒီလို
ဟေး = connection နည်းနည်းမြန်လာလို့ပျော်ပြီးပွင့်ထွက်လာတဲ့ အာမေဋိတ်အသံ
ဟား = connection မကောင်းလို့ပေါ့နော် ပေါ့နော် ..... ညဉ်းတာဟေ့ ညဉ်းတာ...

တို့ကတော့ ဒီကွန်နက်ရှင်နဲ့ကို တော်တော်လေးအကျင့်ပါနေပြီ... အဲ... ဘယ်လိုခေါ်မလဲ... Norton Upade download လုပ်နေတဲ့အချိန်တွေမှာ ဖဲသမားတစ်ယေက်ဖဲပွတ်သလိုမျိုးပေါ့... အတော်လေးဖီးလ်ရှိတယ်ဗျ... အတုံးလေးတစ်တုံးတက်တိုင်း ကျွန်တော့ရင်ဘတ်ကဒိန်းဒိန်းနဲ့ကိုနေတာ... တခါတလေများ ၉၉% မှာ ရပ်တန့်သွားလို့ အား... လို့သာအော်ပစ်လိုက်ချင်တယ်... မလွန်ပါဘူးနော်...
မြန်ပြည်က ကျွန်တော့ရဲ့ ကွန်နက်ရှင်ရင်ခုန်သံ လေးပါဗျာ...

Tuesday, December 9, 2008

ကိုယ်ရှိသေးလား

ငါလွမ်းလို့ဆွေးတာ
တင်းကြပ်တဲ့ရင်ကို ဂီတာနဲ့အဖော်ပြုရင်း
မျက်ဝန်းတွေက စီးကျလာတဲ့
မျက်ရည်နွေးနွေးလေးတွေက တစက်စက်
အို... သူမသိနိုင်တော့ပြီ
အရှင်လတ်လတ်လတ် ခွဲကွာဖို့
ကံကြမ္မာရေ ရက်စက်လေသလားကွာ...

တစ်ချိန်ကအကြောင်းတွေက
ရင်ကိုတဆက်ဆက်နာကျင်စေတုန်းပဲ
ပျော်ရွှင်ခြင်းတွေက အော်...
ဆွေးစရာတွေပြန်ဖြစ်စေသလားနော်...
မင်းလေးရဲ့အတွေးတွေထဲမှာ
ကိုယ်မှုံဝါးဝါးလေးကော ရှိနေသေးလား
ဘယ်သူကများ
မင်းအတွေးတွေမှာ စိုးမိုးထားနေပြီလဲ...

ကောင်မလေးရေ...
မင်းရဲ့ နှလုံးသားထဲမှာ
ကိုယ်ဟာ သေးသေးလေးနေရာလောက်တောင်
ရှိနေသေးသလားကွယ်...
သူပြောတဲ့ စကားတွေထဲမှာ
ကိုယ်ဟာ မင်းရဲ့နှုတ်ဖျားမှာ
တစ်ခွန်းလေးတောင် ပါသေးရဲ့လားကွယ်
ဘယ်သူများ စိုးမိုးနေပြီလဲကွာ...
ကိုယ်သိပ်ကြောက်တာ မင်းရဲ့အနာဂတ်တွေထဲမှာ
ကိုယ်ရှိနေသေးလား?

chan9

Sunday, December 7, 2008

Prepaid Card တွေရမယ်

Prepaid Card တွေရမယ်

Prepaid Sim Card များကိုရတနာပုံဆိုက်ဘာစီးတီးမှာ ကျင်းပပြုလုပ်မယ့် 7th ICT week 2008 ဒီဇင်ဘာလ ၁၂နေ့မှာ စတင်ပြီးရောင်းချပေးမယ်လို့ သိရပါတယ်။ မြန်မာပြည်မှာ ပထဦးဆုံးစတင်ရောင်းချတာဖြစ်လို့ ၀မ်းသာရမလို ငိုရမလိုဖြစ်နေမှာအမှန်ပဲ။ MTP ကဒ်ထက်စာရင် ၀ယ်ယူတဲ့စရိတ်သက်သာတဲ့အတွက် လူတိုင်းဝယ်သုံးနိုင်ပြီပေါ့။ နိုင်ငံခြားသားဆိုရင် Passport ပြရမှာဖြစ်ပြီး၊ နိုင်ငံသားဆိုရင် မှတ်ပုံတင်ပြ၀ယ်ရမှာဖြစ်တယ်။ ကဒ်ကို FEC 10 နှင့် FEC 20 ဆိုပြီးနှစ်မျိုးခွဲထားပြီး မသုံးခင် (ကဒ်မချိုးခင်) လက်ထဲမှာ သုံးလလောက်လက်ထဲမှာ ထားရှိလို့ရပြီး ကျော်သွားရင်တော့ သုံးမရဘူးဖြစ်သွားမှာပဲ။ FEC 10တန် Topup ကို ၁၄ရက်အတွင်း မကုန်ကုန်အောင်သုံးရမှာဖြစ်ပြီး FEC 20တန်ကိုတော့ တစ်လအတွင်း ကုန်အောင်အမုန်းပြောရမှာဖြစ်တယ်... အဲ ခေါ်ဆိုနှုန်းထားက အထွက်ကို FEC 0.30 ၊ အ၀င် FEC 0.05 ၊ sms တွက် FEC 0.05 ၊ နိုင်ငံခြားခေါ်မယ်ဆိုရင် အထွက် FEC 1.5 ၊ အ၀င် FEC 0.05 ရှိပါမယ်။ ကဲ... Prepaid card ကိုတော့ အမုန်းပြောရတော့မယ်ထင်တယ်... ဒါပေမယ့်... ဘယ်သူတွေဝယ်သုံးမလဲ ဆိုတာတော့စဉ်းစားစရာပဲ။

Friday, December 5, 2008

ဖန်သစ်၊ ပသိုနာ(မ်)၊ ဘန်ကောက်


ဆ၀ါဒီခရပ်... ဒီပုံက
သူတို့ကတော့ ဖန်သစ်ဖာစာ၊ ပသိုနာ(မ်)လို့ ခေါ်တဲ့ ဖန်သစ်ပလာဇာအရှေ့ကလမ်းမကြီးပါ...
ပလာဇာကို သူတို့စကားနဲ့ပြောရတာ သိပ်အဆင်မပြေဘူးထင်ပါတယ်... တော်တော်လေးနားထောင်ယူရတယ်... ခုံးတံတားပေါ်ကနေမြင်နေရတဲ့ကားတွေပါ (ခရပ်)...

စင်ကာပူနှင့် ကွာလာလမ်ပူ


စင်ကာပူက ရှေးအိမ်းကြီးပုံပါ... တော်တော်လေးထည်ဝါတယ်... ဘာအဆောက်အဦးလဲဆိုတာတော့ မမေးမိလိုက်လို့မသိဘူးခင်ဗျ... သိရင်လဲပြောပြပေးပါအုံး...

.....................................

ကွာလာလမ်ပူမြို့ပုံပါ... စန်ပိန်း၊ ကနန်ကာပွိုင့် တာဝါကနေမြင်နေရတဲ့ပုံလေးပါ... post တင်ပြီးမှ ပုံကတော်တော်ဝါးသွားတယ်...