Friday, November 28, 2008

ပြန်လာပါတော့


ကြယ်တွေစုံတဲ့ည ... ဟိုး ... အရင်ကဆောင်းညရယ်
နှင်းစက်တွေကြား အာကာပြင်ထက်က
အချစ်တွေနဲ့ ယိုဖိတ်လာတဲ့ အနမ်းပန်းခင်းတွေထမှာ
"မင်းကိုငါအရမ်းချစ်တယ်" ဆွံ့အတဲ့နှုတ်ခမ်းတွေကမဆို
တို့နှလုံးသားထဲက ဆိုကြတယ် ...
လမင်းလေးကတောင် မနာလိုလို့ ကြယ်တွေနဲ့စုံညီတဲ့ ညကလေး
ညတာက တိုလိုက်တာနော် ...

ခုတော့ ...
ကြယ်တွေလဲပျောက် လမင်းကဟားတိုက်သယောင်နဲ့
ကိုယ်မင်းရဲ့ နှုတ်ခမ်းတစ်စုံကို တမ်းတပြီ
တုန်လှုပ်နေတဲ့သစ်ရွက်တွေကြား အဖော်မဲ့တဲ့ကောင်းကင်အောက်မှာ
ပြာရီမှုံဝေနေတဲ့ မျက်ဝန်းတစ်စုံရဲ့
စမ်းချောင်းရေစီးထဲကမျောပါတဲ့ အထီးကျန်လွမ်းဆွတ်နေတဲ့
ကိုယ့်နှလုံးသားက
မင်းလေးကို ရှာပုံတော်ဖွင့်နေခဲ့တယ် ...
မင်းလေးဘယ်ဆီမှာလဲ ... ကြယ်တွေလဲစုံညီနေပြီ ...
ပြန်လာပါတော့ အချစ်ရယ် ။ ။

ချန်နိုင်း

ဘုံတလာ ရေတံခွန်

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ ရဲ့ ကျက်သရေဆောင် ရေတံခွန်လေးပါ။ မြို့ပေါ်ကနေ တောင်ဘက်အရပ်ကို လှမ်းကြည့်လိုက်ရင် မြင်နေရပါတယ်။
ရေတံခွန်က အဆင့်ခုနှစ်ဆင့်ရှိတယ်၊ ဒီပုံတွေကတော့ အောက်ဆုံးအဆင့်ပုံတွေပဲ ဖြစ်ပါတယ်။


အချစ်နဲ့ဘဝ

အချစ်ရယ်...
အချစ်ဆိုတာဘ၀ရဲ့သေးငယ်တဲ့
အစိတ်အပိုင်းတစ်ခုတဲ့လာ ...
မင်းပြောနေတဲ့ ဘ၀ဆိုတာ
ဥစ္စာဓနတွေပဲလို့ မင်းအတွက်သေချာနေပြီလား ...

အချစ်ရယ် ...
မင်းလိုချင်တဲ့ စည်းစိမ်ဥစ္စာ
ကိုယ်မဖြည့်စွမ်းနိုင်တဲ့အခါ ...
ကိုယ့်ရဲ့အချစ်တွေထက်
ဓနတွေတွေကို မင်းမက်မောနေပြီလား ...

အချစ်ရယ် ...
အချစ်ဆိုတာ အချစ်ပါ
နှလုံးသားက တောင်းဆိုလာတဲ့ လိုအပ်ချက်ပါ ...
"အချစ် " ကိုပဲပိုင်ဆိုင်ပါရစေ
ကိုယ်ကတော့ အချစ်နဲ့ ဘ၀ကို တည်ဆောက်သွားမှာပါ။ ။

ချန်နိုင်း