Friday, January 2, 2009

နှစ်သစ် ၂၀၀၉

နှစ်သစ်တော့ ရောက်လာပြန်ပြီ... ဒီနှစ်သစ်ထဲကို ကိုယ်တစ်ယောက်လည်း ရောက်လာခဲ့ပြီ... အတိတ် ၂၀၀၈နှစ်ထဲက လူတွေကို ဖြစ်နိုင်ရင် ကျွန်တော်နဲ့အတူခေါ်ချင်ပါတယ်... ဒါပေမယ့် ကျွန်တော်ဘာမှ မတတ်နိုင်ခဲ့ဘူး၊ ၂၀၀၈ က အမေ့ကို ၂၀၀၉ ထဲကို ကျွန်တော် မခေါ်နိုင်ခဲ့ဘူး... ဘုရာသခင်ခေါ်ရာကိုပဲ လိုက်သွားခဲ့တယ်... ဘယ်လိုမှ မတားဆီးနိုင်ခဲ့ဘူး၊ ကျွန်တော့လက်ထဲမှာပဲ နှုတ်ဆက်ပြီးထားခဲ့တယ်... နောက်နှစ် ဒီလိုအချိန်မှာ ၂၀၀၉ ကလည်း အတိတ်ဖြစ်နေမှာပဲ... တစ်ချို့လူတွေပြောသလို ၂၀၀၉ခုနှစ်ကို အားအင်အသစ်နဲ့ပျံသန်း ချင်တယ်လို့ ကျွန်တော်မဆိုချင်ဘူး... နှစ်အပြောင်းအလဲတွေက ကျွန်တော့ကို ဘာအားအင်မှ မပေးလို့ပဲ...