Tuesday, October 13, 2009

Inya Lake

အခြေအနေကြောင်းကြောင်းကြောင့် Post မတင်ဖြစ်တာ တော်တော်လေးကြားသွားတယ်။ အင်တာနက်နဲ့ ဝေးနေတာရယ်၊ ကွန်နက်ရှင်ကြောင့်ရယ်ပေါ..
ဒီပုံကတော့ လွန်ခဲ့တဲ့ခုနှစ်လောက်ကရိုက်ထားတဲ့ပုံလေးပါရန်ကုန်ရောက်တုန်း စက်ထဲမှာ ဒီပုံလေးကိုတွေ့လို့ ပြန်တင်ကြည့်တာပါ။

Monday, March 9, 2009

အိမ်ပြန်နောက်ကျတဲ့နေ့

အိမ်ပြန်နောက်ကျတဲ့နေ့မှာ ရိုက်လိုက်တဲ့ပုံတွေပါ... ရိုက်စရာမရှိတော့ ဒီဟာတွေပဲ ရိုက်နေရပေမယ့် တစ်ခါတလေတော့ ကြည့်ကောင်းပါတယ်...
အရင် ဆူးကြားကပန်း ပါခင်ဗျ... ည ၁၂နာရီ လောက်ကမြင်ရတဲ့ပုံပါ... ညဖက်ဆိုတော့ ခူးဘို့ ကြောက်စရာကောင်းတယ်ဗျ၊ စူးမှာစိုးလို့...
ဒီဟာကတော့၊ ၀ရမ်းတာကနေ ထွက်ရိုက်ကြည့်တာပါ...

Tuesday, February 24, 2009

ဆူးကြားကပန်း

ကျွန်တော့်အိမ်ရှေ့အိမ်က ခြံစည်းရိုးကို စိတ်ကူးပေါက်လို့ရိုက်ကြည့်တာပါ။ အင်း... နောက်ကတော့ ပန်းပေါ့နော်... ပန်းကလေးတွေခူးချင်တယ်ဆိုရင်... မြင်တဲ့အတိုင်း သံဆူးကြိုးတွေက ခေတ်မမှီတော့ပေမယ့် စူးရင်တော့မလွယ်ဘူး... သံချေးတွေလည်းတက်နေပြီဆိုတော့ သွေးထွတ်အောင်စူးရင် ဆေးပါထိုးရလိမ့်မယ်... ကျွန်တော်ခူးဖို့ စိတ်မကူးဘူးဗျာ... ဘာပြုလို့လဲဆိုတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက ဒီပန်းကို စက္ကူပန်းမှန်းသိပေမယ့် မသာပန်းလို့ခေါ်ခဲ့ကြဖူးတာကို...:P မသာပန်းက ခေါင်ရမ်းပန်းပါ ကျွန်တော်မသိလိုက်လို့ပါ... ခူးချင်ရင်အိမ်ကိုလာ ဘုရားရှေ့မှာဒူးထောက်လို့ကျိန်ဆိုပါ ဘယ်တော့မှ မရှုပ်တော့မယ့်အကြောင်း အရင်လို Group ကြီးမဟုတ်တော့တဲ့ အကြောင်း... အဲလေ... မှားကုန်ပြီ... ဆူးကြားကပန်းပါ ခင်ဗျာ...

Thursday, February 5, 2009

Intel Celeron

မောင်ကျော်ဆန်း အဲ... ဖိုတိုကျော်ဆန်း ဆီက Nikon D100 နဲ့ ဆော်ထားတာပါ။ Speed 1/160s, ISO 200, f/11, 72mm ရိုက်ထားတာ photoshop နဲ့ ပြင်ကြည့်တာ ဒီပုံအတိုင်း ဖြစ်သွားပါတယ် ခင်ဗျား။
Intel Celeron 1.2GHz ပုံပါ... ခုဆိုရင်သုံးတဲ့လူ သိပ်မရှိတော့ထင်တာပဲ၊ ကျွန်တော်လည်းမသုံးတော့ပါဘူး သုံးချင်တာကတော့ Core i7 ဆိုလား ဘာဆိုလား အဲဒီကောင်ကိုသုံးချင်တာ ပိုနေတဲ့ဒီ Celeron 1.2GHz နဲ့လဲဖို့စဉ်းစားထားတယ် ရှိရင်ပြောနော် လဲမယ်... အဲ... ဘုတ်ပါထည့်ပေးရမှာနော်... ဒီလောက်တော့ အနစ်နာခံလိုက်ပါ့မယ် ။ :P

Monday, February 2, 2009

ခြံစည်းရိုးနွယ်ပန်း

ခြံစည်းရုံး အုတ်တံတိုင်းပေါ် ပေါက်နေတဲ့ နွယ်ပန်းမို့လို့ ခြံစည်းရုံးနွယ်ပန်းလို့ နာမည်ပေးလိုက်တာ...

Friday, January 2, 2009

နှစ်သစ် ၂၀၀၉

နှစ်သစ်တော့ ရောက်လာပြန်ပြီ... ဒီနှစ်သစ်ထဲကို ကိုယ်တစ်ယောက်လည်း ရောက်လာခဲ့ပြီ... အတိတ် ၂၀၀၈နှစ်ထဲက လူတွေကို ဖြစ်နိုင်ရင် ကျွန်တော်နဲ့အတူခေါ်ချင်ပါတယ်... ဒါပေမယ့် ကျွန်တော်ဘာမှ မတတ်နိုင်ခဲ့ဘူး၊ ၂၀၀၈ က အမေ့ကို ၂၀၀၉ ထဲကို ကျွန်တော် မခေါ်နိုင်ခဲ့ဘူး... ဘုရာသခင်ခေါ်ရာကိုပဲ လိုက်သွားခဲ့တယ်... ဘယ်လိုမှ မတားဆီးနိုင်ခဲ့ဘူး၊ ကျွန်တော့လက်ထဲမှာပဲ နှုတ်ဆက်ပြီးထားခဲ့တယ်... နောက်နှစ် ဒီလိုအချိန်မှာ ၂၀၀၉ ကလည်း အတိတ်ဖြစ်နေမှာပဲ... တစ်ချို့လူတွေပြောသလို ၂၀၀၉ခုနှစ်ကို အားအင်အသစ်နဲ့ပျံသန်း ချင်တယ်လို့ ကျွန်တော်မဆိုချင်ဘူး... နှစ်အပြောင်းအလဲတွေက ကျွန်တော့ကို ဘာအားအင်မှ မပေးလို့ပဲ...