Tuesday, February 24, 2009

ဆူးကြားကပန်း

ကျွန်တော့်အိမ်ရှေ့အိမ်က ခြံစည်းရိုးကို စိတ်ကူးပေါက်လို့ရိုက်ကြည့်တာပါ။ အင်း... နောက်ကတော့ ပန်းပေါ့နော်... ပန်းကလေးတွေခူးချင်တယ်ဆိုရင်... မြင်တဲ့အတိုင်း သံဆူးကြိုးတွေက ခေတ်မမှီတော့ပေမယ့် စူးရင်တော့မလွယ်ဘူး... သံချေးတွေလည်းတက်နေပြီဆိုတော့ သွေးထွတ်အောင်စူးရင် ဆေးပါထိုးရလိမ့်မယ်... ကျွန်တော်ခူးဖို့ စိတ်မကူးဘူးဗျာ... ဘာပြုလို့လဲဆိုတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက ဒီပန်းကို စက္ကူပန်းမှန်းသိပေမယ့် မသာပန်းလို့ခေါ်ခဲ့ကြဖူးတာကို...:P မသာပန်းက ခေါင်ရမ်းပန်းပါ ကျွန်တော်မသိလိုက်လို့ပါ... ခူးချင်ရင်အိမ်ကိုလာ ဘုရားရှေ့မှာဒူးထောက်လို့ကျိန်ဆိုပါ ဘယ်တော့မှ မရှုပ်တော့မယ့်အကြောင်း အရင်လို Group ကြီးမဟုတ်တော့တဲ့ အကြောင်း... အဲလေ... မှားကုန်ပြီ... ဆူးကြားကပန်းပါ ခင်ဗျာ...