Thursday, December 25, 2008

လက်ဆောင်

ငြိမ်းချမ်းခြင်း
အေးမြခြင်းနဲ့
အလှပဆုံးခြုံလွှာကိုချလို့
ဆောင်းနတ်သမီးရဲ့ခြေလှမ်းတိုင်း
ပန်းတွေကိုပွင့်စေခဲ့တယ်......

ကျက်သရေရှိသောအပြုံးတွေနဲ့
ခရစ်စမတ်
ဘိုးဘိုးရေ.......
ကျွန်တော်တမ်းတနေတဲ့အရာ
လိုတရအိတ်ကြီးထဲမှာ
ပါရင်ပေးခဲ့ပါ..
ဘယ်ဘက်ရင်အုံအောက်က
နှလုံးသားတခုအတွက်
ခရစ်စမတ် လက်ဆောင်ဆိုရင်ပေါ့......

  • ကိုစိုးလွင်ဦး X'mas လက်ဆောင်ပို့ပေးလိုက်တဲ့ ကဗျာလေး တစ်ပုဒ်ပါ... RANGOON-BURMA မှာ sanyu kyaw တင်ထားတဲ့ Post တစ်ခုပါ... ဒီကဗျာလေး အတွက်ကျေးဇူးပါပဲ ကိုစိုးလွင်ဦးရေ.....