Sunday, December 7, 2008

Prepaid Card တွေရမယ်

Prepaid Card တွေရမယ်

Prepaid Sim Card များကိုရတနာပုံဆိုက်ဘာစီးတီးမှာ ကျင်းပပြုလုပ်မယ့် 7th ICT week 2008 ဒီဇင်ဘာလ ၁၂နေ့မှာ စတင်ပြီးရောင်းချပေးမယ်လို့ သိရပါတယ်။ မြန်မာပြည်မှာ ပထဦးဆုံးစတင်ရောင်းချတာဖြစ်လို့ ၀မ်းသာရမလို ငိုရမလိုဖြစ်နေမှာအမှန်ပဲ။ MTP ကဒ်ထက်စာရင် ၀ယ်ယူတဲ့စရိတ်သက်သာတဲ့အတွက် လူတိုင်းဝယ်သုံးနိုင်ပြီပေါ့။ နိုင်ငံခြားသားဆိုရင် Passport ပြရမှာဖြစ်ပြီး၊ နိုင်ငံသားဆိုရင် မှတ်ပုံတင်ပြ၀ယ်ရမှာဖြစ်တယ်။ ကဒ်ကို FEC 10 နှင့် FEC 20 ဆိုပြီးနှစ်မျိုးခွဲထားပြီး မသုံးခင် (ကဒ်မချိုးခင်) လက်ထဲမှာ သုံးလလောက်လက်ထဲမှာ ထားရှိလို့ရပြီး ကျော်သွားရင်တော့ သုံးမရဘူးဖြစ်သွားမှာပဲ။ FEC 10တန် Topup ကို ၁၄ရက်အတွင်း မကုန်ကုန်အောင်သုံးရမှာဖြစ်ပြီး FEC 20တန်ကိုတော့ တစ်လအတွင်း ကုန်အောင်အမုန်းပြောရမှာဖြစ်တယ်... အဲ ခေါ်ဆိုနှုန်းထားက အထွက်ကို FEC 0.30 ၊ အ၀င် FEC 0.05 ၊ sms တွက် FEC 0.05 ၊ နိုင်ငံခြားခေါ်မယ်ဆိုရင် အထွက် FEC 1.5 ၊ အ၀င် FEC 0.05 ရှိပါမယ်။ ကဲ... Prepaid card ကိုတော့ အမုန်းပြောရတော့မယ်ထင်တယ်... ဒါပေမယ့်... ဘယ်သူတွေဝယ်သုံးမလဲ ဆိုတာတော့စဉ်းစားစရာပဲ။