Tuesday, December 9, 2008

ကိုယ်ရှိသေးလား

ငါလွမ်းလို့ဆွေးတာ
တင်းကြပ်တဲ့ရင်ကို ဂီတာနဲ့အဖော်ပြုရင်း
မျက်ဝန်းတွေက စီးကျလာတဲ့
မျက်ရည်နွေးနွေးလေးတွေက တစက်စက်
အို... သူမသိနိုင်တော့ပြီ
အရှင်လတ်လတ်လတ် ခွဲကွာဖို့
ကံကြမ္မာရေ ရက်စက်လေသလားကွာ...

တစ်ချိန်ကအကြောင်းတွေက
ရင်ကိုတဆက်ဆက်နာကျင်စေတုန်းပဲ
ပျော်ရွှင်ခြင်းတွေက အော်...
ဆွေးစရာတွေပြန်ဖြစ်စေသလားနော်...
မင်းလေးရဲ့အတွေးတွေထဲမှာ
ကိုယ်မှုံဝါးဝါးလေးကော ရှိနေသေးလား
ဘယ်သူကများ
မင်းအတွေးတွေမှာ စိုးမိုးထားနေပြီလဲ...

ကောင်မလေးရေ...
မင်းရဲ့ နှလုံးသားထဲမှာ
ကိုယ်ဟာ သေးသေးလေးနေရာလောက်တောင်
ရှိနေသေးသလားကွယ်...
သူပြောတဲ့ စကားတွေထဲမှာ
ကိုယ်ဟာ မင်းရဲ့နှုတ်ဖျားမှာ
တစ်ခွန်းလေးတောင် ပါသေးရဲ့လားကွယ်
ဘယ်သူများ စိုးမိုးနေပြီလဲကွာ...
ကိုယ်သိပ်ကြောက်တာ မင်းရဲ့အနာဂတ်တွေထဲမှာ
ကိုယ်ရှိနေသေးလား?

chan9