Tuesday, December 23, 2008

မနှစ်က X'mas

X'mas တော့ရောက်လာပြန်ပြီ... နှစ်သစ်လည်းကူးတော့မယ်... အသက်ကတော့ တစ်နှစ်ပိုကြီးသွားပြီ... မနှစ်ကတော့ သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းပေမယ့် ဒီနှစ်တော့ တစ်ယောက်ထဲပဲဗျ... ကလေးဘ၀တုန်းက X'mas ရောက်ဘို့ကို အရမ်းမျှော်တာ... ကျောင်းလည်းပိတ်၊ သူငယ်ချင်းတွေနဲ့ ပျော်ပါး၊ စိတ်ကူးတွေယဉ်လို့... ခုတော့ ဘာမှလည်းမထူးခြားတဲ့ သာမန်ရက်လိုပဲ... ကိုယ်တစ်ယောက်တည်း ဘာကိုဘယ်လိုပျော်ရမှန်းမသိဘူး... မနှစ်ကမှ ဟုတ်တုတ်တုတ်ဗျ Shopping ထွက်၊ တရုတ်တန်းသွားလည်၊ အပျင်တော့ပြေသား... မနှစ်က Pavillion ကိုသွားတော့ X'mas Decoration လုပ်ထားတာ အရမ်းသဘောကျလို့ တစ်ပုံ shoot လိုက်တယ်...


အပြန်တော့ တရုတ်တန်းမှာ သူငယ်ချင်းတွေနဲ့ စားကြသောက်ကြ... သတိရလိုက်တာနော်.. နောက်နေ့ဘုရားကျောင်းသွားတယ်... ခုတော့ coffee တစ်ခွက်သောက်ပြီး PC တွေ ကျောင်းလိုက်အုံးမယ်... မနက်ဖျန်တော့ ဘုရားကျောင်းသွားမယ် ခင်ဗျ... လိုက်ခဲ့နော်... :)