Thursday, December 11, 2008

ကွန်နက်ရှင် ရင်ခုန်သံ

မြန်မာပြည်က connection တွေကအရမ်းကောင်း နေတော့ ကွန်ပြူတာသုံးနေရင်း တစ်ယောက်ထဲ ဟေး... ဖြစ်လိုက် ဟား... ဖြစ်လိုက်နဲ့ ဘေးကသူငယ်ချင်းက ဟေ့ကောင်ဘာတွေ ဟေးဟေး ဟားဟား ဖြစ်နေတာလဲလို့ လာမေးတော့ Definition ဖွင့်ပေးလိုက်တယ်...

ကဲ ဒီလို
ဟေး = connection နည်းနည်းမြန်လာလို့ပျော်ပြီးပွင့်ထွက်လာတဲ့ အာမေဋိတ်အသံ
ဟား = connection မကောင်းလို့ပေါ့နော် ပေါ့နော် ..... ညဉ်းတာဟေ့ ညဉ်းတာ...

တို့ကတော့ ဒီကွန်နက်ရှင်နဲ့ကို တော်တော်လေးအကျင့်ပါနေပြီ... အဲ... ဘယ်လိုခေါ်မလဲ... Norton Upade download လုပ်နေတဲ့အချိန်တွေမှာ ဖဲသမားတစ်ယေက်ဖဲပွတ်သလိုမျိုးပေါ့... အတော်လေးဖီးလ်ရှိတယ်ဗျ... အတုံးလေးတစ်တုံးတက်တိုင်း ကျွန်တော့ရင်ဘတ်ကဒိန်းဒိန်းနဲ့ကိုနေတာ... တခါတလေများ ၉၉% မှာ ရပ်တန့်သွားလို့ အား... လို့သာအော်ပစ်လိုက်ချင်တယ်... မလွန်ပါဘူးနော်...
မြန်ပြည်က ကျွန်တော့ရဲ့ ကွန်နက်ရှင်ရင်ခုန်သံ လေးပါဗျာ...